Skip to main content

page search

Library Global Witness submission on Myanmar’s draft national land policy (Burmese မြန်မာဘာသာ)

Global Witness submission on Myanmar’s draft national land policy (Burmese မြန်မာဘာသာ)

Global Witness submission on Myanmar’s draft national land policy (Burmese မြန်မာဘာသာ)

Resource information

Date of publication
September 2014
Resource Language
ISBN / Resource ID
OBL:75036

နိုဝင်ဘာလ ၂၀၁၄
မြန်မာနိုင်ငံ၏ အမျိုးသားမြေအသုံးချမှုမူဝါဒမူကြမ်းနှင့်ပတ်သက်၍ Global Witness ၏
အဆိုပြုလွှာအနှစ်ချုပ်
ဒီမိုကရေစီနိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာတွင်မြန်မာနိုင်ငံအစိုးရသည်
အမျိုးသားမြေအသုံးချမှုမူဝါဒမူကြမ်းကို ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင်ထုတ်ပြန်ခဲ့ပြီး
ပြည်သူလူထုနှင့် တိုင်ပင်ဆွေးနွေးရန်နောက်ဆက်တွဲမြေယာဥပဒေတစ်ခုအတွက် အစီအစဉ်များကိုလည်းထုတ်ပြန်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခြင်းသည် အလွန်အရေးကြီးသည့်လုပ်ဆောင်ချက်ဖြစ်ပြီး Global Witness အနေဖြင့် မြေနှင့်ပတ်သက်ပြီးခိုင်မာသောဥပဒေပြဋ္ဌာန်းမှုဆိုင်ရာမူဘောင်နှင့်
ပြည်သူလူထုပါဝင်လာနိုင်မည့်အခွင့်အရေးများအတွက် အလားအလာများကို လက်ကမ်း
ကြိုဆိုပါသည်။
သို့သော် အလွန်အရေးကြီးသည်မှာ ထိုသို့သော တိုင်ပင်ဆွေးနွေးမှုသည် အဓိပ္ပါယ်ရှိရမည်ဖြစ်ပြီး စစ်မှန်စွာပါဝင်ဆောင်ရွက်ခြင်းဖြစ်ရမည်။
ထို့နောက် ရရှိလာသောတုန့်ပြန်ချက်များကို မြေအသုံးချမှုမူဝါဒနှင့် မြေ
အသုံးချမှုဥပဒေတို့တွင် အပြည့်အဝပွင့်လင်းမြင်သာမှုဖြင့် ပေါင်းစပ်ထည့်သွင်းရမည်ဖြစ်သည်။
ထို့အပြင် အပြီးသတ်မြေအသုံးချမှုမူဝါဒနှင့် နောက်ဆက်တွဲမြေအသုံးချမှုဥပဒေတို့သည် ခိုင်ခံ့ရမည်ဖြစ်သည့်အပြင် အပြည်ပြည်ဆိုင်ရာအခြေခံစံနှုန်းများဖြင့် ကိုက်ညီသင့်သည်။
အထူးသဖြင့် မြေ၊ ငါးလုပ်ငန်းနှင့် သစ်တောများဆိုင်ရာလုပ်ပိုင်ခွင့်အပေါ် တာဝန်သိသော
အုပ်ချုပ်မှုနှင့်ပတ်သက်သည့် ကုလသမဂ္ဂ၏စေတနာအလျောက်လမ်းညွှန်ချက်များ(UN Voluntary Guidelines on the Responsible Governance of Tenure
of Land, Fisheries and Forests) နှင့် ကိုက်ညီသင့်သည်။

Share on RLBI navigator
NO