Перейти к основному содержанию

page search

Library Midnight Intrusions - Summary & Recommendations ညဉ့်နက်သန်းခေါင်ချင်းနင်းဝင်ရောက်ခြင်းများ-ဧည့်စာရင်းအဆုံးသတ်ရေး

Midnight Intrusions - Summary & Recommendations ညဉ့်နက်သန်းခေါင်ချင်းနင်းဝင်ရောက်ခြင်းများ-ဧည့်စာရင်းအဆုံးသတ်ရေး

Midnight Intrusions - Summary & Recommendations ညဉ့်နက်သန်းခေါင်ချင်းနင်းဝင်ရောက်ခြင်းများ-ဧည့်စာရင်းအဆုံးသတ်ရေး

Resource information

Date of publication
марта 2015
Resource Language
ISBN / Resource ID
OBL:74284

အကျဉ်းချုပ်
၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန် သမ္မတဖြစ်လာပြီးနောက်၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး
ပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံ၏အနာဂတ်အတွက် ကြီးမားသောလွတ်လပ်မှုများ မကြံုစဖူးသော
အကောင်းမြင်မှုများသို့ ဦးတည်ခဲ့ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ လူ့အသိုုက်အဝန်းများတွင်၊
အာဏာပိုင်များသည် ဖိနှိပ်သောဥပဒေများကို ဆက်လက်ကျင့်သုံးနေပြီး၊ ယခင်စစ်အစိုးရများ
လက်ထက်တွင် ကျင့်သုံးနေကျကိုသာ ဆက်လက်အသုံးချလျက် ရှိပါသည်။
မြို့ပြနှင့် ကျေးလက်တောနယ်၊ မြန်မာဗုဒ္ဓဘာသာနှင့် လူနည်းစုများ၊ ချမ်းသာသူနှင့် ဆင်းရဲသူ အပါအဝင်
ဖြစ်သော မြန်မာနိုင်ငံတွင် နေထိုင်သူအားလုံးသည် ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်
ချုပ်ရေးဥပဒေ အရ ညဉ့်အိပ်ညဉ့်နေ အိမ်တွင်တည်းခိုသူများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်
ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော အစိုးရအရာရှိများထံ တိုင်ကြားရန်လိုအပ်ပါသည်။ စင်စစ်
အားဖြင့် ဒေသခံများသည် ညဉ့်အိပ်ညဉ့်နေတည်းခိုမည့်သူများကို လက်ခံနိုင်ရန် နိုင်ငံတော်မှ ခွင့်ပြုချက်
ရယူရန်လိုအပ်ပါသည်၊ အာဏာပိုင်များကလည်း အကြောင်းမျိုးစုံပြပြီး ငြင်းပယ်နိုင်ကြောင်းသိရှိရပါသည်။
မြန်မာအာဏာပိုင်များသည် မကြာခဏနှင့် ပုံမှန်ဆိုသလို အိမ်ထောင်စုများကိုစစ်ဆေးခြင်းဖြင့် တည်း
ခိုသူများကိုတိုင်ကြားရန်လိုအပ်ချက်ကို လိုက်နာကြောင်း သေချာစေပါသည်။ ရပ်ကွက် သို့မဟုတ်
ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေသည် အရာရှိများအား ပုဂ္ဂလိကနေအိမ်များကို ၀င်ရောက်ရန်နှင့်
“တရား ဥပဒေစိုးမိုးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအတွက် စစ်ဆေးရန်လိုအပ်သောနေရာများကို
အခါအား လျော်စွာစစ်ဆေးရန်” အကန့်အသတ်မရှိ အခွင့်အာဏာပေးထားပါသည်။
ဤပြဌာန်းချက်က ခွင့်ပြုထား သော အခွင့်အာဏာအရ ရပ်ကွက်နှင့် ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူးများသည် ထုံးစံအတိုင်း ဤစစ်ဆေးမှု များကို ညဉ့်နက်သော အခါကျမှ ရဲ သို့မဟုတ်
ထောက်လှမ်းရေးအရာရှိများ၊ အခြားသူများနှင့်အတူ ဧည့်စာရင်းတိုင်ကြားခြင်းမရှိသော ဧည့်သည်များရှိ
မရှိကို စစ်ဆေးရန်အကြောင်းပြ၍ ပြုလုပ်ကြပါသည်။ ဤချင်းနင်းဝင်ရောက်ခြင်းများပြုလုပ်သည့်
အချိန်ကိုထောက်ရှု၍ ဒေသခံများသည် ထိုအလေ့အကျင့်ကို “ညဉ့်နက် သန်းခေါင်စစ်ဆေးမှုများ”
ဟုရည်ညွှန်းပြောဆိုကြပါသည်

Share on RLBI navigator
NO