Перейти к основному содержанию

page search

Library Myanmar National Land Use Policy - အမျိုးသားမြေအသုံးချမှုမူဝါဒ (Burmese မြန်မာဘာသာ)

Myanmar National Land Use Policy - အမျိုးသားမြေအသုံးချမှုမူဝါဒ (Burmese မြန်မာဘာသာ)

Myanmar National Land Use Policy - အမျိုးသားမြေအသုံးချမှုမူဝါဒ (Burmese မြန်မာဘာသာ)

Resource information

Date of publication
декабря 2015
Resource Language
ISBN / Resource ID
OBL:72617

၁။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်လျှက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ တိုင်းဒေသကြီး ရ ခု၊ ပြည်နယ် ရ ခုနှင့် ပြည်ထောင်စုနယ်မြေတို့တွင် ပြန့်နှံ့နေထိုင်လျက်ရှိသည်။ နိုင်ငံတော်သည် အရှေ့တောင်အာရှတွင် တည်ရှိပြီး ပထဝီအနေအထားအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း အချက်အချာကျသည့်နိုင်ငံဖြစ်ပါသည်။

၂။ ထို့ပြင် မြန်မာနိုင်ငံသည် အဖိုးတန်သစ်တောကြီးများ၊ မြေဆီသြဇာကြွယ်ဝသည့် မြေပြန့်လွင်ပြင်များ၊ သဘာဝဓာတ်ငွေ့နှင့်သတ္တုသိုက်များ၊ ရှည်လျားသည့်ပင်လည်ကမး်ရိုးတန်း၊ တောင်စဉ်တောင်တန်းများနှင့် နိုင်ငံ၏အသက်သွေးကြောဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းစသည့် မြစ်ကြီးများအပါအဝင် သဘာဝအရင်းအမြစ်အခြေခံကောင်းများနှင့် သဘာဝပတ်ဝန်းကျင်ကောင်းများရှီသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါသည်။

၃။ မြေသယံဇာတများသည် နိုင်ငံသားများ၏ စားဝတ်နေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရေရှည်ရည်မှန်းချက်ချမှတ်ပြီး အထူးအလေးထား စီမံအုပ်ချုပ်အသုံးချရမည့် အရင်းအမြစ်များဖြစ်ပါသည်။ မြေအရင်းအမြစ်များကို စနစ်တကျအသုံးချစီမံခန့်ခွဲနိုင်သည်နှင့်အမျှ ပြည်သူတို့၏ အခြေခံလိုအပ်ချက်များပြည့်ဝလာစေရန်၊ လူမှုစီးပွား ဘဝမြင့်မားလာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာစေရန် ဟန်ချက်ညီစွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

၄။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၃၇တွင် နိုင်ငံတော်သည် နိုင်ငံတော်အတွင်းရှိ မြေအားလုံး၏ပင်ရင်းပိုင်ရှင်ဖြစ်သည်ဟုလည်းကောင်း၊ နိုင်ငံပိုင်သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် ဥပဒေပြဌာန်းရမည်ဟုလည်းကောင်း၊ နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့်မူပိုင်ခွင့်တို့ကို ဥပဒေပြဌာန်းချက်နှင့်အညီ ခွင့်ပြုရမည်ဟုလည်းကောင်း ပြဌာန်းထားပါသည်။ အဆိုပါပြဌာန်းချက်အရ နိုင်ငံတော်သမ္မတက ၂၀၁၂ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်၏ မြေသယံဇာတများကို စဉ်ဆက်မပြတ်စီမံအုပ်ချုပ်၊ အသုံးချနိုင်ရေးအတွက် လိုအပ်နေသောခိုင်မတိကျသည့် မူဝါဒတစ်ရပ်ရေးဆွဲ ပြဌာန်းနိုင်ရန် လမ်းညွှန်ခဲ့သဖြင့် "အမျိုးသားမြေအသုံးချမှုမူဝါဒ" ကို ရေးဆွဲပြုစုခြင်းဖြစ်ပါသည်။

၅။ ဤအမျိုးသားမြေအသုံးချမှုမူဝါဒသည် မြို့ပြ၊ ကျေးလက်များအပါအဝင် နိုင်ငံတော်အတွင်းရှိ မြေအသုံးချမှုနှင့် လုပ်ပိုင်ခွင့်များကို မူဝါဒပါ ရည်ရွယ်ချက်များနှင့်အညီ စနစ်တကျအောင်မြင်စွာအကောင်အထည်ဖော် စီမံဆောင်ရွက်နိုင်ရန်ဦးတည်ပြီး မြေနှင့်သက်ဆိုင်သောတည်ဆဲဥပဒေများ၏ ညီညွတ်မျှတမှု၊ ယင်းဥပဒေများကိုအကောင်အထည်ဖော်မှုအပါအဝင် အမျိုးသားမြေဥပဒေသစ်တစ်ရပ် ပြဌာန်းနိုင်ရေးအတွက်လည်းကောင်း၊ မြေအသုံးချမှု သို့မဟုတ် မြေလုပ်ပိုင်ခွင့်တို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအားလုံးက အဆုံးအဖြတ်ပေးရမည့် ကိစ္စရပ်များအတွက်လည်းကောင်း လမ်းညွှန်ဖြစ်စေရမည်။

Share on RLBI navigator
NO